Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇန်နဝါရီ ၂၆ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ - ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အတွင်းမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်း ၂ ခုကို KIA ၊ PDF တပ်ဖွဲ့တွေကနေ ဒီကနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က အသေများပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိထားတယ်လို့ ဒေသ တွင်း သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။ -ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီနဲ့ အကျိုးတူ ပူးပေါင်းပြီးတော့ လောင်းကစား ဒိုင်ချုပ် လုပ်နေတဲ့ စစ်တပ် သတင်းပေးဒလန်လို့ သတ်မှတ်ခံရတဲ့ ပျူစောထီးခေါင်းဆောင် မျိုးဇော်ဦးကို ဇန်နဝါရီ ၂၅ ရက်နေ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဖြူးမြို့ နယ် PDF က ပြောထားပါတယ်။ - ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး ကမ်းနား အရှေ့ဘက်မှာရှိတဲ့ ညောင်ရိပ်သာ ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဒီကနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးနေတယ်လို့ ရိပ်သာကျေးရွာ ဒေသခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ - မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာ နဲ့ ခလောက်အင်း ကျေးရွာကို ဇန်နဝါရီလ ၂၄ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။